{video} Laracasts provides a free, thorough introduction to Laravel for newcomers to the framework. It's a great place to start your journey.
Laravel framework မှာ system လိုအပ်ချက်တစ်ချို့ရှိပါတယ်။ ထိုလိုအပ်ချက်များကိုဖြည့်ဆည်းပေးဖို့ Laravel မှပြုလုပ်ထားတဲ့ virtual machine Laravel Homestead တစ်ရှိပါတယ်၊ ဒါကြောင့်မလို့ သင့် Local Development အတွက် Homestead ကိုအသုံးပြုဖို့အကြံပြုထောက်ခံပါသည်။
သို့သော်လည်း သင်က Homestead မသုံးလိုဘူးဆိုလျှင် သင့် server ကအောက်ဖော်ပြပါ လိုအပ်ချက်များနှင့်ကိုက်ညီပါသလားဆိုတာကိုကြည့်ရမှာဖြစ်ပါတယ် -
Laravel က dependencies တွေကိုစီမံခန့်ခွဲဖို့ရာအတွက် Composer ကိုအသုံးပြုပါသည်။ ထို့ကြောင့် Laravel ကိုအသုံးမပြုခင် သင့်စက်မှာ Composer အရင်ဆုံး install လုပ်ထားရပါ့မည်။
ပထမဦးစွာ အောက်ဖော်ပြပါ command အတိုင်း Composer အသုံးပြုပြီး Laravel installer ကို download လုပ်ပါ -
composer global require laravel/installer
Composer ရဲ့ vendor directory ကို system-wide bin directory ဖြစ်အောင်အောက်ဖော်ပြပါ code ကို သင့်ရဲ့ PATH ဖြစ်တဲ့ ~/.bash_profile
သို့မဟုတ် ~/.bashrc
မှာကူးယူထည့်သွင်းပါ။ ထို့နောက် source ~/.bash_profile
သို့မဟုတ် soruce ~/.bashrc
ဆိုပြီး active လုပ်ပေးလိုက်ပါ။
export PATH=~/.composer/vendor/bin:$PATH
Install လုပ်လို့ပြီးသွားပြီဆိုလျှင်၊ laravel new
command က laravel installation အသစ်စက်စက်တစ်ခုကို သင်သတ်မှတ်တဲ့ directory မှာ install လုပ်မှာဖြစ်ပါတယ်။ ဥပမာအားဖြင့် laravel new blog
က blog
ဆိုတဲ့ directory ထဲမှာ Laravel ရဲ့လိုအပ်တဲ့ depencies တွေနှင့်အတူ laravel ကို install လုပ်သွားမှာဖြစ်ပါတယ် -
laravel new blog
နောက်တစ်နည်းအားဖြင့် Composer ရဲ့ create-project
command ကိုအသုံးပြုပြီးတော့ install ပြုလုပ်နိုင်ပါတယ် -
composer create-project --prefer-dist laravel/laravel blog
သင့်စက်မှာ PHP install ပြုလုပ်ထားပြီးလျှင် PHP ရဲ့ built-in ပါတဲ့ development server ကိုအသုံးပြုပြီးတော့ သင့် application ကို serve လုပ်နိုင်ပါတယ်။ server command က development server ကို http://localhost:8000
မှာစတင်စေမှာဖြစ်ပါတယ် -
php artisan serve
ဒါပေါ့ပိုမိုအားကောင်းတဲ့ development options တွေဖြစ်တဲ့ Homestead နှင့် Valet တို့လည်းရှိပါတယ်။
သင် Laravel ကို install လုပ်ပြီးတဲ့အခါမှာတော့ သင့် web server ရဲ့ document / web root ကို public
directory ကို configure ဖို့လိုအပ်ပါ့မည်။ public directory ထဲမှာရှိတဲ့ index.php
က သင့် application ဆီလာတဲ့ HTTP requests တွေအားလုံးရဲ့ front controller အဖြစ် serve လုပ်မှာဖြစ်ပါတယ်။
Laravel framework ရဲ့ configuration files တွေအားလုံးဟာ config
directory ထဲမှာ store လုပ်ထားမှာဖြစ်ပါတယ်။ Option တစ်ခုချင်းဆီအတွက်ဘာလုပ်ရမလဲဆိုတာအားလုံးရေးထားပြီးသားဖြစ်တဲ့အတွက် options တွေနှင့်ရင်းနှီးသွားအောင် စိတ်ကြိုက် files တွေဆီသွားပြီးမွှေနှောက်ကြည့်လိုက်ပါတော့။
Laravel ကို install လုပ်ပြီးတဲ့အခါမှာတော့ permission တစ်ချို့ configure ဖို့လိုအပ်ပါလိမ့်မယ်။ storage
directory နှင့် bootstrap/cache
directory တွေကို web server သို့မဟုတ် Laravel မှာ writable ဖြစ်ဖို့လိုအပ်ပါ့မယ် အဲ့လိုမဟုတ်လျှင် Laravel က Run မှာမဟုတ်ပါဘူး။ သင်က Homestead](/docs/{{version}}/homestead) virtual machine သုံးတယ်ဆိုလျှင် ထို permissions တွေကအဆင်သင့်ပြင်ဆင်ပြီးသားပါ။
Laravel ကို install လုပ်ပြီးနောက်ထပ်အဓိကလုပ်သင့်တာကတော့ သင့် application key ရဲ့ random string ကို set လုပ်တာပါဘဲ။ သင်က Laravel ကို Laravel Installer ကနေ သို့မဟုတ် Composer ကနေ install လုပ်ထားတာဆိုလျှင် php artisan key:generate
command ကိုသုံးပြီးတော့ အဲ့ဒီ့ key ကသင့်အတွက် set လုပ်ထားပြီးပါပြီ။
ပုံမှန်အားဖြအဲ့ key က 32 charaters ရှိပါတယ်။ .env
ထဲမှာအဲ့ဒီ့ key ကို set လုပ်နိုင်ပါတယ်။ သင်က .env.example
ကို .env
အဖြစ်အမည်မပြောင်းရသေးလျှင်အခုဘဲပြောင်းသင့်ပါတယ်။ application key က set မလုပ်ရသေးဘူးဆိုလျှင် သင့် user ရဲ့ session သို့မဟုတ် encrypted data တွေကခြုံမှာမဟုတ်ပါဘူး။
Laravel မှာတစ်ခြား configuration ထွေထွေထူးထူးလုပ်စရာမလိုပါဘူး။ သင့်စိတ်ကြိုက် development စတင်နိုင်ပါပြီ။ သို့သော်လည်း config/app.php
fille နှင့် ထို file ထဲက documencation ကို သင်ပြန်လည်သုံးသပ်ဖို့လိုအပ်ပါလိမ့်မယ်။ အဲ့ဒီ့ file မှာ options တွေများစွာပါဝင်ပါတယ်။ ဥပမာ timezone
နှင့် locale
တို့လိုသင့် Application ပေါ်မူတည်ပြီးပြောင်းနိုင်တာမျိုးတွေပေါ့။
သင့်အနေဖြင့် Laravel ၏နောက်ထပ်အစိတ်အပိုင်းများကို configure လုပ်ချင်လုပ်နိုင်ပါတယ်၊ ဥပမာ -
Framework ထဲက public/.htaccess
ကို URL မှာ index.php
မပါအောင်ဖျောက်ထားပေးမှာဖြစ်ပါတယ်။ တကယ်လို့သင့် ရဲ့ Laravel application က Apache ကိုသုံးတယ်ဆိုရင် mod_rewrite ကို enable လုပ်ဖို့မမေ့ပါနဲ့ဦး။
တကယ်လို့ .htaccess
file က သင့် Application မှာအလုပ်မလုပ်ဘူးဆိုရင် အောက်ကတစ်ခုကိုစမ်းကြည့်လိုက်ပါ:
Options +FollowSymLinks -Indexes
RewriteEngine On
RewriteCond %{HTTP:Authorization} .
RewriteRule .* - [E=HTTP_AUTHORIZATION:%{HTTP:Authorization}]
RewriteCond %{REQUEST_FILENAME} !-d
RewriteCond %{REQUEST_FILENAME} !-f
RewriteRule ^ index.php [L]
Nginx မှာဆိုရင်အောက်ကညွှန်ကြားချက်ကို လိုက်လုပ်လိုက်တာနဲ့ URL လှလှလေးတွေရပါတယ်
location / {
try_files $uri $uri/ /index.php?$query_string;
}
သင်က Homestead တို့ Valetတို့သုံးတာဆိုလျှင် URL လှလှလေးဖြစ်ဖို့လုပ်ပြီးသားပါ။